Friday, February 26, 2010

အလှပြင်နည်း

အလှပြုပြင်နည်း

သူရမိုး..သုတပဒေသာစာစောင်..1990..အတွဲ.17.အမှတ်.3.ဇူလိုင်လထုတ်သုတပဒေသာ

စာစောင်`၌ဖော်ပြသည်။

မူလစာရေးဆရာ=အမေရိကန်နိုင်ငံသား၊ကယ်လ်ဖိုးနီးယားပြည်နယ်မှထိပ်တန်းအလှပါရဂူ

ဒယ်လီမာရင်(Delia.Marin)

စာစောင်လမ်းညွန်အမည်.NaturaL Beauty from A to 2.

A-ALmondoiL(ဗာဒံသီးအဆီ)မျက်နှာသန့်စင်ရေးတွင်အကောင်းဆုံး

အဆီပြန်ခြင်းနှင့်ဝက်ခြံ၊တင်းတိပ်များပျောက်ပြီးအသားအရေချောမွေ့နုညက်လာစေနိုင်၏

ထို့ကြောင့်ဗာဒံသီးအဆီဖြင့်မျက်နှာကိုပွတ်လိမ်းပေးပါ။

B-Bakingsoda(မုန့်ဖုတ်ဆော်ဒါ)ထမင်းစားဇွန်းတဇွန်းစာရှိသောမုန့်ဖုတ်

ဆော်ဒါကိုရေနွေးထဲထည့်မွှေပြီး-ခြေထောက်ကိုစိမ်ပေးလျှင်ခြေထောက်နာကျင်

ကိုက်ခဲမှုများပျောက်ကင်းစေနိုင်၏ခြေထောက်မှအနာအဆာများလည်း

ပျောက်ကင်းချောမွတ်လာစေနိုင်၏။

c-chamomiLe Tea(ကင်ပွန်းသီးအရွက်)တရော်ကင်းပွန်းသီးရောပြီး

ဆံပင်ကိုပွတ်လျော်ပေးလျှင်တောက်ပြောင်ချောမွတ်ပြီးရှင်သန်အားကောင်း

လာစေနိုင်၏။

D-DandeLion Tea(ဒန့်ဒယ်လီယန်ခေါ်-ဥရောပအပင်တမျိုး)

ယင်းအပင်၏အရွက်ဖြင့်မျက်ခွံကိုပွတ်လိမ်းပေးပါကမျက်ခွံအောက်`၌ဖြစ်ပေါ်လေ့ရှိတတ်

သောအဆီအိတ်ကလေးများပျောက်ကွယ်ချောမွတ်သွားစေနိုင်၏မျက်ခွံမို့ခြင်း၊ဖောင်းအစ်ခြင်း

များအတွက်သင့်လျော်သည်။

E-egg whites(ကြက်ဥအကာ)မျက်နှာအသားအရေတင်းရင်းပြီးချောမွတ်စေရန်မျာက်နှာပေါ်တွင်

လိမ်းပေးပါ၊

်F -fasting-တစ်လလျင်တရက်သတ်မှတ်ကထိုနေ့တွင်အစာမစားပဲအရည်ရွှမ်းသောသစ်သီးရည်

များကိုသာသောက်ပေးပါ။ဤနည်းဖြင့်ခန္ဓာကိုတွင်းမှအဆိပ်အတောက်များထွက်သွားပြီးလူရည်

လူသွေးတောက်ပြောင်ပေါ်လွင်လာစေနိုင်၏။

်G-golsenseal tea(ဖန်ရည်ဆေးသောအရွက်တမျိုး)ချိုးရည်တွင်ထည့်ပြီးအသုံးပြုပါကအသားအရေ

စင်ကြယ်လာစေနိုင်၏။

H.honey(ပျားရည်)သစ်အယ်သီးအစေ့နှင့်ပျားရည်စိမ်ပြီးကိုယ်ခန္ဓာကိုသုတ်လိမ်းပေးပါက

အရေပြားလွှာတင်းရင်းချောမွတ်လာစေနိုင်၏။

I.ice cubes(ရေခဲတုံးလေးများ)မျက်နှာနှင့်လည်ပင်းမှပိတ်ဆို့နေသောချွေးပေါက်ကလေးများကို

ရေခဲတုံးဖြင့်အုံပေးပါကချွေးပေါက်ပွင့်ပြီးအခိုးအငွေ့များထွက်ကာလန်းဆန်းကျန်းမာစေနိုင်၏။

J.jasmine flower oil(စပယ်ပန်းအဆီ)ခန္ဓာကိုယ်ကိုစပယ်ပန်းအဆီဖြင့်ပွတ်လိမ်းပေးပါကအနံ့အသက်

မွှေးပျံ့ပြီးခန္ဓာတွင်းမှသွေးလှည့်ပတ်သွားလာမှုကိုလည်းအားကောင်းစေနိုင်သည်။

K.kiwi fruit(ကီဝီသီး)ကီဝီသီးကိုပါးပါးလှီးပြီးမျက်ခွံပေါ်အုပ်တင်ပေးလျင်ဇရာ၏အရေးအကြောင်း

များပျောက်ကွယ်သွားပြီးမျက်ခွံများတင်းရင်းလာစေနိုင်၏။

L.lemon juice(သံပရာနှင့်ရှောက်ချိုသီးအရည်)အရေပြားကိုပွတ်လိမ်းပေးပါက အရေပြားပေါ်မှအညို

အမည်းကွက်များပျောက်ကွယ်သွားစေနိုင်၏၊အစွန်းအကွက်များ၊မှဲ့ခြောက်များ၊ညှင်းကွက်များ

လည်းပျောက်ကင်းပြီးအရေပြားချောမွတ်စေနိုင်သည်။

M.milk(နွားနို့)နွားနို့ဖြင့်ရေချိုးသလိုချိုးခြင်း၊ခြေလက်ဆေးကြောသန့်စင်ခြင်း၊ပွတ်လိမ်းပေးခြင်း

ဖြင့်ခြေလက်များနူးညံ့ပျော့ပျောင်းလာစေနိုင်၏။

N.nuts(အခွံမာအသီးများ)အခွံမာအသီးများအတွင်း`၌နုးညံ့သောအဆန်များရှိကြသည်ယင်းတို့ကို

စားသုံးပေးခြင်းဖြင့်ခန္ဓာကိုအတွက်လိုအပ်သောသတ္တုဓာတ်များရရှိစေနိုင်၏။

O.oat meal(အုတ်ဂျုံ)အုတ်ဂျုံကိုထမင်းချက်သလိုချက်ပြီးပျားရည်တွင်မိမ်ထားကာမျက်နှာ

တွင်လိမ်းကျံပေးပါကမျက်နှာအဆီပြန်ခြင်းပျောက်ကင်းစေနိုင်၏။

P.peppermint tea(ပက်ပါမင့်အရွက်)ခန္ဓာကိုယ်အရေပြားပေါ်တွင်ပွတ်လိမ်းပေးပါကအရေပြားတင်းရင်း

ပြီးချောမွတ်တောက်ပြောင်လာစေနိုင်၏။

Q.Quince(ဥသျှစ်သီး)ဥသျှစ်သီးအရည်(သို့မဟုတ်)အနှစ်ကိုခန္ဓာကိုယ်အနှံ့လိမ်းကျံပွတ်သပ်

ပေးပါကအရေပြားလှပလာနိုင်၏၊အသားအရည်စိုပြေလှပစေနိုင်၏။

R.rosemary(ရို့စမာရီခေါ်အနောက်တိုင်းတွင်ပေါက်တတ်သောအပင်တမျိုး)ပွက်ပွက်ဆူသောရေနွေးတွင်

ထည့်ပြုတ်ပြီးမျက်နှာသစ်ပေးပါကမျာက်နှာပေါင်းတင်သလိုသန့်ရှင်းချောမွတ်လာစေနိုင်၏။

S.strawberries(စထရော်ဘယ်ရီသီး)စထရော်ဘယ်ရီသီးကိုပါးပါးကလေးလှီးကာအရေပြားပေါ်မှမှဲ့ခြောက်

တင်းတိပ်ရှိရာတွင်အုံပေးပါကပျောက်ကင်းစေနိုင်၏၊အညိုအမည်းကွက်များရိလျင်လည်းအုံပေးနိုင်သည်။

T.tomatoes(ခရမ်းချဉ်သီး)ခရမ်းချဉ်သီးဖြင့်ခန္ဓာကိုယ်အရေပြားကိုပွတ်သပ်လိမ်းပေးပါကစိုပြေလန်းဆန်း

လာစေနိုင်၏၊အသားအရေခြောက်ကပ်သူများအထူးသင့်လျော်သည်။

U.umbrella(ထီး)ပြင်းထန်သောနေရာင်ခြည်မှခရမ်းလွန်ရောင်ခြည်များကိုထီးဖြင့်အကာအကွယ်ပြုပေးလျင်

အန္တရာယ်ကင်းနိုင်၏၊ထို့ကြောင့်နေပူထဲသွားလျင်ထီးယူသွားပါ။

V.vinegar(ရှာလကာရည်)ဆံပင်ဆေးဆိုးထားသူများရှာလကာရည်ဖြင့်ခေါင်းလျော်ပေးလျင်ဆံပင်တောက်

ပြောင်လာစေနိုင်၏။

W.wheat germ oil(ဂျုံပင်ပေါက်အဆီ)ဂျုံပင်ပေါက်အဆီဖြင့်မျက်လုံးတ၀ိုက်တွင်အသာအယာပွတ်ပေးပါက

မျာက်လုံးများစိုပြည်ရွှန်းလဲ့လာစေနိုင်၏။

X.the....X-factor of beauty(ညှို့ဓာတ်)ညှို့ဓာတ်သည်မိန်းမများတို့၏လျှို့ဝှက်အလှဖြစ်သည်။

Y.yeast(ယိခေါ်တစေး)တစေးကိုဂျုံပင်ပေါက်အဆီဖြင့်ရောကာအရေပြားလွှာပေါ်`၌ပွတ်လမ်းပေးပါကခြောက်သွေ့

သောအရေပျောက်ကင်းပြီးစိုပြည်လတ်ဆတ်လာနိုင်၏။

Z.zzz(ငိုက်မျဉ်းခြင်းများ)နေ့လယ်နေ့ခင်းတစ်ရေးတစ်မောအိပ်စက်ခြင်းနှင့်ညအခါအိပ်ရေး၀၀အိပ်ပေးခြင်း

တို့သည်ခန္ဓာကိုယ်အလှကိုအထောက်အပံ့ပြုနိုင်ပေ၏။




အလှတစ်ခုကိုဖန်တီးကြည့်ချင်တယ်">

Saturday, February 6, 2010

ရင်ခွင်ကြားမှလှိုင်းကြက်ခွပ်သံများ

ကိုယ်တိုင်ခံစားရေးသားထားသောကဗျာများဖြစ်ပါသည်